Events

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့၌ 6th China International Import Expo (CIIE)ကျင်းပမည်

Updated At: 2023-06-09 10:29:32

CIIE

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ 6th China International Import Expo (CIIE) ကျင်းပသွားမည်ဖြစ်ပါသည်။ အဆိုပါကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံ၏ အရည်အသွေးမြင့်ထုတ်ကုန်များ တရုတ်နိုင်ငံသို့ ပိုမိုတင်ပို့ရောင်းချနိုင်ရေးနှင့် ဝင်ငွေများတိုးမြင့်နိုင်ရေးတို့အတွက် မြန်မာနိုင်ငံမှ ရေထွက်ပစ္စည်း ၊ ကော်ဖီ ၊ လက်ဖက်နှင့်စားသောက်ကုန်လုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ရန် ပံ့ပိုးကူညီသွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

TD ( NPT )